အမှိုက်ကြောင့် သဘာဝပတ်ဝန်းကျင် အခြေအနေ စိုးရိမ်နေရတဲ့ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့မှာ အမှိုက်ကောက်လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။

အမှိုက်ကောက်လှုပ်ရှားမှုကို ဂျိတ္တောရပ်ကွက်ပရဟိတလူငယ်တွေ စုပေါင်းထားတဲ့ အမှိုက်များ၏ ရန်သူ (Foe Of Rubbish) အဖွဲ့မှ မေ ၂၁ ရက် ညနေ ၃နာရီကစတင်ပြီး ဂျိတ္တောရပ်ကွက်အဝင်တံတားမှ ဂျိတ္တော(လုံးသာ)လမ်းမကြီးအတိုင်း ဖောင်ဆိပ်ထိကို အမှိုက်ကောက်ခဲ့ကြတာပါ။

အမှိုက်ကောက်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အမှိုက်များ၏ရန်သူ (Foe_of_Rubbish) အဖွဲ့က ကိုဟန်မျိုးသူရိန်က DMG ကို အခုလိုပြောပါတယ်။

 

Author: မျိုးမြင့်ဇော်