ကမ္ဘာအလှပဆုံးကမ်းခြေ တစ်ခုအဖြစ် စာရင်းဝင်ထားတဲ့ ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့က ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်ဖို့အတွက် ဆောင်ရွက်တဲ့အခါမှာ ဌာနဆိုင်ရာကပဲ ဆောင်ရွက်လို့မရဘဲ အများပြည်သူများပါ ပါဝင်ဆောင်ရွက်မှ ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်သွားမှာ ဖြစ်တယ်လို့ ငပလီမြို့ အုပ်ချုပ်ရေးမှူးက ပြောဆိုလိုက်ပါတယ်။ 

ငပလီကမ်းခြေမှာ အမှိုက်ကင်းစင်ဖို့အတွက် ဌာနဆိုင်ရာအနေနဲ့ အပတ်စဉ် စနေနေ့မှာ ဆောင်ရွက်လျှက်ရှိတယ်လို့ သံတွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ငပလီမြို့ အုပ်ချုပ်ရေးမှူး ဦးကျော်သူလှိုင်က DMG ကို အခုလိုပြောပါတယ်။

 

Author: မျိုးမြင့်ဇော်