ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့လယ်ရှိ ဘင်္ဂလီတွေနေထိုင်တဲ့ အောင်မင်္ဂလာ (အင်ဘာလာ) ရပ်ကွက်မှာ မေလ ၃ ရက်နေ့ ညနေ ၉ နာရီက နေအိမ်တစ်လုံး မီးလောင်ကျွမ်းမှူဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းနေစဉ် မီးသတ်ကားတွေ ၁၀ စီးခန့် အချိန်မီ
ရောက်ရှိလာပြီး အခြားနေအိမ်သို့ မီးမကူးစက်မီ အချိန်မီ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ လောင်ကျွမ်းသွားတဲ့ နေအိမ်ကတော့ တစ်ဆောင်လုံး လောင်ကျွမ်းသွားပါတယ်။ မီးလောင်ကျွမ်းနေစဉ်နဲ့ မီးသတ်ကားတွေရောက်ရှိလာပြီး မီးငြိမ်းသတ်နေတာကို တင်ပြပေးတာဖြစ်ပါတယ်။




