မနေ့က မေလ ၃ ရက်နေ့ ညနေ ၉ နာရီအချိန်မှာ စစ်တွေမြို့လယ်ရှိ ဘင်္ဂလီတွေနေထိုင်တဲ့ အောင်မင်္ဂလာရပ်ကွက်မှာ နေအိမ် ၂ လုံးမီးလောင်မှူ ဖြစ်ပွားခဲ့ပြီး ဆုံးရှူံးမှူတန်ဖိုးငွေကျပ် ၁ သိန်းရှိတယ်လို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက DMG ကို ပြောဆိုပါတယ်။
လောင်ကျွမ်းသွားတဲ့ နေအိမ်တွေမှာ ဘင်္ဂလီအိမ်တွေဖြစ်ပြီး ဆိုလာပြားအပူလွန်ကဲရာကနေ မီးလောင်မှူဖြစ်ပွာတာလို့ ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနနဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီနေအိမ်တွေဟာ စစ်တွေမြို့ မင်းဘာကြီးလမ်းရှိ ရွှေပြည်သစ်ကားပြင်ဆိုင်ရဲ့နောက်က နေအိမ်တွေ ဖြစ်ပြီး ရွှေပြည်သစ်ကားပြင်ဆိုင်က တာဝန်ရှိသူတွေနဲ့ အနီးရှိဒေသခံတွေကတော့ ဘင်္ဂလီတွေဟာ ကိုယ့်အိမ်ကို မီးရှို့တာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။
မီးလောင်ကျွမ်းနေချိန်မှာ ပြည်နယ်မီးသတ်ကား ၁၀ စီးခန့်ရောက်ရှိလာပြီး အချိန်မီ မီးငြိမ်းသတ်နိုင်တာကြောင့် နေအိမ် ၂ ဆောင်သာ လောင်ကျွမ်းသွားပြီး အခြားနေအိမ်တွေကို ကူးစက်မသွားခဲ့ဘူးလို့ သိရပါတယ်။





