ရခိုင်ပြည်နယ်မှာ မောင်တောဒေသရှိ တိုင်းရင်းသားလူမျိုးတွေကို ဆန်အိတ် ၃၀၀၀ အပါအ၀င် အခြားစားနပ်ရိက္ခာတွေ လှူဒါန်းဖို့ ဆရာတော် ဦးဝီးရသူဦးဆောင်သော သံဃာတော်တချို့နဲ့ အလှူရှင်တချို့မှာ ရခိုင်ပြည်သို့ ရောက်ရှိနေပါတယ်။

ဆရာတော်မှာ ယနေ့ နေ့လည် ၁ နာရီက စစ်တွေမြို့သို့ ရောက်ရှိလာပြီး

အလိုတော်ဘုန်းကြီး ကျောင်းတွင် ခေတ္တအနာယူကာ နေ့လည် ၁ နာရီခွဲမှာ မောင်တော မြို့နယ်သို့ ထွက်ခွာသွားပါတယ်။

ဆရာတော်ရဲ့ ခရီးစဉ်မှာ ရက်အနည်းငယ်ကြာမည်ဖြစ်ပြီး မောင်တောဒေသ တိုင်းရင်းသား လူမျိုးတွေကို ဆန်အိတ် ၃၀၀၀ နဲ့ စားနပ်ရိက္ခဖြစ်တဲ့ ငါးခြောက်တွေ၊ အခြားပစ္စည်းတွေ အကူအညီပေးသွားမယ်လို့ ဆရာတော် ခရီးစဉ်မှာ လိုက်ပါသတင်းယူနေတဲ့ DMG သတင်းထောက် သားသျှေလေးက ပြောဆိုပါတယ်။

ဆရာတော် ဦးဝီရသူဟာ NLD အစိုးရလက်ထက် ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ်ပြီး အခု ပြည်နယ်အစိုးရဲ့ ခွင့်ပြုချက်နဲ့ မောင်တောမြို့နယ်သို့ သွားရောက်ခြင်း ဖြစ်ပါတယ်။

Author: DMG