တာဝန်ယူလိုက်ပေး မယ်လို့ ဆရာတော်ကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုထွန်းနေ၀င်းက ပြောဆိုပါတယ်။

လက်ရှိမှာ ဆရာတော်ကို မတရားအသင်းပုဒ်မ ၁၇/၁ နဲ့ တရားစွဲထားပေမယ့် မြောက်ဦးမြို့နယ် ဆင်ချဆိပ်ရပ်ကွက်က လယ်ယာမြေကို လမ်းဖောက်လုပ်မှူနဲ့ တရားစွဲဆိုခံထားရတာကြောင့် အဲဒီအမှူကို အရင်ဆုံးစစ်ဆေးနေတယ်လို့ ကိုထွန်းနေ၀င်းက ဆိုပါတယ်။

ဆရာတော်မှာ ဦးကျော်ကျော်နဲ့ ဒေါ်မအေးနုတို့က စွဲတဲ့ အမှူ ၂ ခုနဲ့ ခမရ ၅၄၀ တပ်ရင်းကစွဲတဲ့ အမှူတစ်ခု စုစုပေါင်း ၃ ခုနဲ့ တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ဒီနေ့ ရုံးထုတ် လာချိန်မှာ ဆရာတော်ရဲ့ တပည့်သားသမီးတွေဖြစ်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို တွေ့ဆုံစကားပြောခွင့် ရရှိခဲ့ပြီး မိသားစုဝင်တွေနဲ့လည်း တွေ့ခွင့်ရခဲ့တယ်လို့ သိရပါတယ်။

 

Author: ဇော်ဇော်(မြောက်ဦး)