အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး (မဘသ) အဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ အရှင်ဝီရသူဟာ မောင်တောဒေသမှာ ဆန်နဲ့ ငါးခြောက်တွေ လှူဒါန်းနေပါတယ်။

ဘင်္ဂလားဒေ့ခ်ျနိုင်ငံဘက်က ခိုလှူံဖို့ ရောက်ရှိလာကြတဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို

ဦးစားပေး လှူဒါန်းနေပြီး အဲဒီကျေးရွာတွေ ရေရှည်တည်တံ့ရေးနဲ့ နောက်ထပ် ကျေးရွာတွေ တိုးချဲ့ဖို့ကို ဆွေးနွေးခဲ့တယ်လို့ မောင်တော DMG သတင်းထောက် ကိုဝံသ(မောင်တော)က ပြောဆိုပါတယ်။

ဆရာတော် အရှင်ဝီရသူ ဦးဆောင်တဲ့ အလှူရှင်အဖွဲ့မှာ မောင်တောမြို့နယ် အင်းဒင်ကျေးရွာ၊ ပဲရုံကျေးရွာ၊ ပြားသားကျေးရွာ၊ အောင်ဇေယျကျေးရွာနဲ့ လောင်းဒုံကျေးရွာတွေမှာ ဆန်တွေ၊ ငါခြောက်တွေကို သွားရောက်လှူဒါန်းခဲ့ပါတယ်။

ဆက်လက်ပြီး မရှိဆင်းရဲသားနဲ့ ဘင်္ဂလားဒေ့ခ်ျဘက်က ခိုလှူံဖို့ လာကြတဲ့သူတွေကို လှူဒါန်းဖို့ သွားနေတယ်လို့ ကိုဝံသ(မောင်တော) ကပြောဆိုပါတယ်။

Author: ဇော်ဇော်(မြောက်ဦး)