ယခုရခိုင်ပြည်နယ် အစိုးရလက်ထက် ပြည်နယ်လွှတ်တော်ကဖွဲ့စည်းထားတဲ့ လယ်ယာသားငါးသစ်တောနဲ့ ဆည်မြောင်းကော်မတီထံကို တစ်နှစ်ကျော်ကာလအတွင်း လယ်ယာမြေသိမ်းဆည်းခံရမှု အမှုတွဲ ၂၂၀၀ ကျော်တိုင်ကြားမှုရှိနေပြီး ၁၇၀ ကျော်ခန့်သာ ကိုင်တွယ်ဖြေရှင်းမှု ပြုလုပ်ဆဲဖြစ်ကြောင်းကော်မတီဥက္ကဌ ဦးအောင်ဝင်းက DMG ကိုပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်တွင်းမှာ အလုပ်လက်မဲ့ဖြစ်တဲ့ ပြဿနာမှာ လယ်ယာမြေသိမ်းဆည်းမှုလည်း အဓိကပါဝင်တယ်လို့ ဦးအောင်ဝင်းက DMG ကိုပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်တွင်းက လယ်ယာမြေသိမ်းဆည်းမှုနဲ့ ပတ်သတ်ပြီးတပ်မတော်ပင်ဖြစ်စေ၊ ဌာနဆိုင်ရာပင်ဖြစ်စေ စေတနာရှိရှိနဲ့ မလုပ်ဆောင်နိုင်တဲ့အပြင် မြို့နယ်အဆင့် ခရိုင်အဆင့်တွေကလည်း ဒေသတွင် စီးပွားရေးသမားတွေရဲ့ လက်အောက်က ရုန်းမထွက်ရဲတဲ့တာကြောင့်လို့ ပြောဆိုထားပါတယ်။
ရခိုင်ပြည်နယ်အတွင်း လယ်ယာမြေတွေပြန်လည် စွန့်လွှတ်ရာမှာလည်း မြို့နယ်အဆင့်က အရှုပ်အရှင်းတွေအပါအ၀င် မြို့နယ်အဆင့်က ကိုင်တွယ် မဖြေရှင်းပေးတာကြောင့်လည်း လယ်သမားတွေထံမရောက်တာလို့လည်းလယ်သမားသမ္မကတွေကပြောဆိုကြပါတယ် ...




