ရခိုင်ပြည်နယ်အရေးကိစ္စတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံနဲ့ ဘင်္ဂလာဒေ့ရှ်နိုင်ငံတို့အကြား တရုတ်နိုင်ငံက ကြားဝင်ညှိနှိုင်းဖြေရှင်းပေးဖို့ ကြိုးပမ်းနေတာနဲ့ပတ်သက်ပြီး အပြုသဘောဆောင် ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနိုင်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ပြောပါတယ်။

ဒီသီတင်းပတ်အတွင်းမှာ တရုတ်နိုင်ငံက အထူးသံတမန်တစ်ဦးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့စေလွှတ်ပြီး ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့တာနဲ့စပ်လျဉ်ပြီး ဧပြီလ ၂၈ ရက်နေ့က နေပြည်တော်မှာကျင်းပခဲ့တဲ့ အစိုးပထမတစ်နှစ်တာ ဆောင်ရွက်ချက်သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောဆိုသွားတာ ဖြစ်ပါတယ်။

ဘင်္ဂလီအရေးနဲ့ပတ်သက်ပြီး မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ကြားဝင်ဆောင်ရွက်ပေးဖို့အတွက် တရုတ်နိုင်ငံရဲ့ ကမ်းလှမ်းချက်ကိုတော့ မြန်မာအစိုးရဘက်က မူဝါဒအရ လက်မခံနိုင်ကြောင်း ဦးဇော်ဌေး က ပြောကြားခဲ့ပါတယ်။

Author: ဇော်ဇော်(မြောက်ဦး)