ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ နိုင်ငံသားအကျဉ်းသား ၆၂ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၃၂ ဦး ၊ စုစုပေါင်း ၉၄ ဦးကို သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဒီနေ့ လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

ဒီကနေ့နေပြည်တော်မှာ စတင်ကျင်းပနေတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံကို ကြိုဆိုတဲ့အနေနဲ့ တနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်အသီးသီးကနေ နိုင်ငံသားအကျဉ်းသား ၁၈၆ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုမယ်လို့ သမ္မတရုံးက မနေ့က ထုတ်ပြန်ခဲ့ပါတယ်။

 

 

Author: သားသျှေလေး