ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်မှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍနှစ်တွင် မြိုနယ်စည်ပင် ရန်ပုံငွေဖြင့် မြို့ပြလမ်း၇လမ်းနဲ့ မြို့ပြတံတား ၆ စင်းကို ဧပြီလမှစတင်ကာ ပြုလုပ်နေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်ရုံးကသိရပါတယ်။

မြို့ပြလမ်းတွေကို ကတ္တရာလမ်းထပ်ပိုးခင်းပြီး တံတားများအား ပြန်လည်ပြုပြင် မွန်းမံခြင်းကို အဓိကထားပြုလုပ်မည်ဖြစ်ကြောင်း၊ ကျပ် ၁၈၄၃ သိန်းကို အသုံးပြုမည်ဖြစ်ကြောင်း၊ အဆိုးဆုံးနေရာများကို အဓိကထား ပြုလုပ်မည်ဖြစ်ကြောင်းသိရပါတယ်။ 

 

Author: ဟန်ထူးဇော်