စစ်တွေခရိုင် ပေါက်တောမြို့နယ် နတ်ရှင်ကျေးရွာမှာ အရပ်သားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးက သေနပ်နဲ့ ပစ်သတ်ခဲ့တဲ့အမှူကို ပြည်နယ်ရဲတပ်ဖွဲ့မှ အထူးစုံစမ်းစစ်ဆေးရေးဖွဲ့ကာ စုံစမ်းစစ်ဆေးနေတယ်လို့ ပေါက်တောမြို့မရဲစခန်း စခန်းမှူး ဒု-ရဲမှူးကျော်ဇံက DMG ကို ပြောဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က နတ်ရှင်ကျေးရွာက ဦးမောင်ဖြူဒေါင်းမှာ ကျောက်စုလုံခြုံရေး ရဲကင်းတပ်ဖွဲ့ဝင် ထွန်းလင်းက သေနပ်နဲ့ ပစ်သတ်ခဲ့လို့ သေဆုံးသွားတာကြောင့် အငြင်းပွားဖွယ်ရာဖြစ်နေတဲ့အတွက် ပြည်နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်