ပုဏ္ဏားကျွန်းမြို့နယ် ပြိုင်တောကျေးရွာမှာ မေလ ၂၁ ရက်ကနေ ၂၆ ရက်နေ့အထိ ကျောက်တော်၊ ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေက မြိုတိုင်းရင်းသားတွေကို မြိုစာပေသင်ကြားနေ တယ်လို့ သိရပါတယ်။ အဲဒီမြိုစာပေသင်တန်းကို မြိုစာပေနှင့်ယဉ်ကျေးမှူအဖွဲ့က ဦးစီးဖွင့်လှစ်တာဖြစ်ပြီး ဒီနေ့ နံနက် ၈ နာရီက သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြုလုပ်ခဲ့ကြပါတယ်။ အခုသင်ကြားမယ့် သင်တန်းဟာ ဒုတိယအကြိမ်မြောက် သင်တန်းဖြစ်ပြီး မြိုလူမျိုးတွေအတွက် အင်မတန်အကျိုးရှိတဲ့ သင်တန်းဖြစ်တယ်လို့ မြိုစာပေနှင့်ယဉ်ကျေးမှူအဖွဲ့မှ နာယကအဖွဲ့ဝင် ဦးမောင်လှဖြူက ပြောပါတယ်။




