ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို စစ်တွေ နယ်စပ်ကုန်သွယ်ရေးစခန်ကနေ အခုလပိုင်းကစတင်ပြီး ဆန် ပြန်လည်တင်ပို့နေပြီး ဒေါ်လာ နှစ်သောင်းဝန်းကျင် တန်ဖိုးရှိတဲ့ ဧည်မထ ၂၅ မတ် ဆန် ၆၅ တန် ပို့ဖြစ်တယ်လို့ စစ်တွေစခန်းတာဝန်ခံ ဦးခင်မောင်ဆွေက DMG ကိုပြောပါတယ်။ အခုလိုပို့တာဟာ အခုဘဏ္ဍာနှစ်အတွက် ပထမဆုံးတင်ပို့တာဖြစ်ပြီး စစ်တွေကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆန်မပို့ဖြစ်တာ နှစ်နှစ်ဝန်ကျင်ခန့် ကြာပြီးဖြစ်ကာ အခုတင်ပို့တာကလည်း နှစ်ဖတ်ကုန်သည်ချင်းသာ ချိတ်ဆက်ပို့ဆောင်တာဖြစ်ပါတယ်။




