၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် (၂) နှစ်အောက် ကလေးငယ်တွေကို အဟာရနဲ့ ကျန်းမာရေးဆိုင်ရာ တိုးတက်ကောင်းမွန်လာစေရေးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ငွေကြေးထောက်ပံ့ပေးသွားမယ်လို့ သိရပါမယ်။
အဲဒီလို ငွေကြေးထောက်ပံ့ရာမှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ အသက် (၂) နှစ်အောက် ကလေးငယ်တွေကို တစ်လလျှင် ငွေကြေး ၁၅၀၀၀ ကျပ်ဖြင့် ဧပြီလမှ စတင်ကာ (၃) လတစ်ကြိမ် ထောက်ပံ့ပေးအပ်သွားမယ်ဖြစ်ပါတယ်။ အဲဒီထောက်ပံ့မှုကို ဧပြီလ၊ မေလ၊ ဇွန်လ သုံးလစာပေါင်းပြီး ဇူလှိုင်ထဲမှာ ပေးအပ်သွားမယ် ဖြစ်တယ်လိုလည်း သိရပါတယ်။





