ရခိုင်ပြည်နယ်အတွင်းမှာ တိုင်းရင်းသားဘာသာစကား ထည့်သွင်းသင်ကြားဖို့အတွက် အခုနှစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှာ ဘတ်ဂျက် ကျပ်သိန်း ထောင့်တရာကျော် သုံးဆွဲသွားမှာ ဖြစ်တယ်လို့ ပြည်နယ်ပညာရေးမှူး၊ စီမံကိန်းဌာန ဒုတိယညွှန်းကြားရေးမှူးချုပ် ဦးစိန်လှထွန်းက DMG ကို ပြောပါတယ်။
စစ်တွေမြို့၊ ဦးဥတ္တမခန်းမမှာ မေလ ၃၀ ရက်နေ့ကနေ ၃၁ ရက်နေ့ထိကျင်းပနေတဲ့ ရခိုင်ပြည်နယ် ပညာရည်မြင့်မားရေး လုပ်ငန်းဆွေးနွေးပွဲမှာ ဦးစိန်လှထွန်းက DMG ကို ရှင်းပြခဲ့တာပါ။ အရင်နှစ်တွေကလည်း ဒီလိုသင်ကြားခဲ့တာရှိပေမဲ့ အတွေ့အကြုံနဲ့ ဘတ်ဂျတ်မလုံလောက်တာကြောင့် မအောင်မြင်ခဲ့တာလို့ ၎င်းက သုံးသပ်ထားပါတယ်။




