ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂရဲ့ ၆ လပတ် အစည်းအဝေးနဲ့ လယ်ယာမြေဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို စစ်တွေမြို့က မဏိရတနာ ဘုန်းတော်ကြီးကျောင်းတိုက်မှာ မေလ ၁၇ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပနေပါတယ်။
ဒီဆွေးနွေးပွဲမှာ ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂ တရားဝင်မှတ်ပုံတင်ရရှိရေးနဲ့ ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ လယ်သမားတွေကြုံတွေ့နေရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာပညာရှင်တွေနဲ့ ဆွေးနွေးအဖြေရှာကြမှာ ဖြစ်ပါတယ်။




