ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ နိုင်ငံတော်အစိုးရရဲ့ လက်တွေ့ကျင့်သုံးနေတဲ့ မူဝါဒတွေနဲ့အညီ ဆောင်ရွက်သွားရမယ်ဖြစ်ပြီး နိုင်ငံတော်မူဝါဒတွေနဲ့ လွဲဖယ်ပြီးတော့ ကိုယ့်သဘောနဲ့ကိုယ် လုပ်ဆောင်လို့ မရဘူးလို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောဆိုလိုက်ပါတယ်။

ဒီနေ့ မေလ ၄ ရက်နေ့ စစ်တွေမြို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်တဲ့ ၂၀၁၆ -၂၀၁၇  ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအပေါ် ခြုံငုံသုံးသပ်ခြင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဆောင်ရွက်ရမယ့် အစီအစဉ်တွေ ရှင်းလင်းတင်ပြခြင်းနဲ့ တာဝန်ပေးအပ်ခြင်းအခမ်အနားမှာ ရခိုင်ပြည်နယ် အစိုးရ၀န်ကြီးချုပ် ဦးညီပုက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်