ရခိုင်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ကျဆင်းခြင်းဟာ မသမာမှုကင်းဝေးအောင် ဆောင်ရွက်တဲ့စီမံကိန်းကြောင့်ဖြစ်တယ်လို့ ရခိုင်ပြည်နယ် ပြည်နယ်ပညာရေးမှုး ဦးအောင်ကျော်ထွန်းက DMG ကိုပြောဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာယခုနှစ်တက္ကသိုလ်ဝင်တန်းအောင်ချက်ရာခိုင်နှုန်းမှာ ၁၇.၁၆ ရာခိုင်နှုန်းဖြစ်ပြီး ၂၀၁၃ ကနေ ၂၀၁၇ ထိ နှစ်အလိုက်မှာအနည်းဆုံးနှစ်ဖြစ်လာခဲ့ခြင်းဖြစ်ပါတယ်။ ယခုနှစ်ကစတင်ပြီးမသမာမှုတွေကိုတိုက်ဖျက်လိုက်တာကြောင့် နောင်နှစ်တွေမှာ သန့်ရှင်းပြီး အောင်ချက်ပိုမိုတက်လာနိုင်ကြောင်းကိုလည်း ဆရာကြီးကပြောဆိုထားပါတယ်။
ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်စာရင်းအရ ဖြေဆိုသူ (၃၈၄၄၀) ရှိခဲ့ပြီးအောင်မြင်သူ (၆၅၉၈) ဦးအောင်မြင်တာလည်းဖြစ်ပါတယ်။ ၆ ဘာသာဂုဏ်ထူးရှင် ၂၆ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၂၆ ဦးထွက်ပေါ်ခဲ့ပြီး ရခိုင်တစ်ပြည်နယ်လုံး အတိုင်းအတာအရ ၂၉ ရာခိုင်နှုန်းနဲ့ ဂွမြို့နယ်က ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။
အောင်ချက်ရာခိုင်နှုန်း ကျဆင်းရာတာဟာ ဆရာဆရာမ မလုံလောက်မှုကြောင့် ဖြစ်သလို ဆရာ/ဆရာမ အရည်အသွေးတွေကြောင့်လည်း ကျဆင်းတာဖြစ်တယ်လို့ ဦးအောင်ကျော်ထွန်းကပြောဆိုထားပါတယ်။
နိုင်ငံခြားအပါအ၀င် ၁၉ ခုအနက် ရခိုင်ပြည်နယ် အောင်ချက်ရာခိုင်နှုန်းဟာ ၂၀၁၃ ခုနှစ်မှာ ၂၁.၂၇ နဲ့ အဆင့် ၁၇ မှာရပ်တည်ခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ၁၈.၂၀ နဲ့ အဆင့် ၁၈၊ ၂၀၁၅ ခုနှစ်မှာ ၂၃.၁၃ နဲ့ အဆင့် ၁၈၊ ၂၀၁၆ ခုနှစ်မှာ ၂၁.၁၉ နဲ့ အဆင့် ၁၇၊ ယခုနှစ် ၂၀၁၇ ခုနှစ်မှာ ၁၇.၁၆ နဲ့ အဆင့် ၁၉ မှာရပ်တည်နေတာလည် ဖြစ်ပါတယ် …. ခင်ဗျာ။




