မနေ့က ဧပြီလ ၂၄ ရက်နေ့ ညအချိန် ၁ နာရီကျော်လောက်မှာ လူနှစ်ယောက်က ဓါးပြတိုက်တာကို ထွက်ပြေးဖို့ကြိုးစားလို့ လည်ပင်းအလှီးခံရတာဖြစ်ပါတယ်လို့ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်က ဆိုပါတယ်။

ဓါးပြတွေက ဒေါ်ဖြူမကြီးရဲ့ ကလေးနှစ်ယောက်ဆီက နားကပ်တွေကို ချွတ်ခိုင်းရာမှာ ဒေါ်ဖြူမကြီးက အိမ်အောက်ထပ်မှာ ပိုက်ဆံရှိတယ် ယူပေးမယ်ပြောပြီး ကလေးနဲ့ ထွက်ပြေးရာမှာ လည်ပင်းအလှီးခံရတာ ဖြစ်ပါတယ်။ အခုတော့ အသက် အန္တရာယ် အစိုးရိမ်စရာ မရှိတော့ဘူးလို့လည်း သိရပါတယ်။

ကလေးငယ်နှစ်ဦးကတော့ လွတ်မြောက်သွားပါတယ်။ လုယက်သူတွေက ဒေါ်ဖြူမကြီးကို လည်ပင်းလှီးကြတာ ဖြစ်ပါတယ်။ ဒဏ်ရာမှာ လည်ပင်းနောက်ဘက်က ၃ လက်မခန့်နှစ်ချက်နဲ့ လည်ပင်းရှေ့မှာ ၄ လက်မခန့် တစ်ချက်ဖြပါတယ်။ ဒ်ါဖြူမကြီးအား သေပြီလို့ထင်ကာ ထားခဲ့ပုံရပါတယ်။ ဒါပေမယ့် သူမမှာ ဒဏ်ရာဖြင့် အိမ်အနီးရှိ မိဘအိမ်သို့ရောက်အောင် ပြေးလာခဲ့ပြီး လှမ်းအကူအညီ တောင်းရာမှ သိရှိရတယ်လို့ အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်ကပြောပါတယ်။

Author: ကောင်းကောင်း