မောင်တောမြို့နယ် ဇီးပင်ချောင်းစခန်းမှ နယ်မြေလုံခြုံရေး ပူးပေါင်းအဖွဲ့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက နယ်မြေရှင်းလင်း ဆောင်ရွက်စဉ် ချောင်းကုလား မြောက်ရွာနေ အိမ်တစ်လုံးမှ စကားပြောစက် အလုံး(၄၀)နဲ့ ဆက်စပ်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ နိုင်ငံတော် အတိုင်းပင်ခံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ ညနေ ၄ နာရီခန့်က ချောင်းကုလား မြောက်ရွာနေ အသက် ၅၀ နှစ်ရှိတဲ့ မောလ၀ီဘော်နီဂိုအာမီ ရဲ့ နေအိမ်ကို မသင်္ကာတဲ့အတွက် ၀င်ရောက်ရှာဖွေရာမှာ စကားပြောစက် အလုံး (၄၀)၊ ဘတ္ထရီ(၃၆) ခု၊ အားသွင်း ခုံ (၄၀)ခု၊ စက္ကူဘူး (၁၀) ဘူးတို့ကို သိမ်းဆည်းရမိခဲ့ပြီး အိမ်ရှင် မော်လ၀ီဘော်နီဂိုအာမီမှာ ထွက်ပြေးတိမ်းရှောင်နေကာ ၎င်း၏ဇနီးဖြစ်သူ အသက် ၃၀ နှစ်ရှိတဲ့ ဘော်မီဒါနှင့် ကလေး (၃)ဦးကို တွေ့ရှိခဲ့ပြီး အခု ၄င်းတို့ကို စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရပါတယ်။
ဒါ့အပြင် တောင်ကုတ်မြို့နယ် နယ်မြေလုံခြုံရေး တပ်ဖွဲ့ဝင်တွေဟာ မေလ ၃၀ ရက် ညပိုင်းက တောင်ပုံကြီး စစ်ဆေးရေးဂိတ်၌ ယာဉ်တွေကို စစ်ဆေးဆောင်ရွက်စဉ် ရန်ကုန်မြို့သို့ တရားမ၀င် သွားမည့်သူ သုံးဦးနှင့် လိုက်ပါပို့ဆောင်သူ တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။




