လယ်ယာမြေဥပဒေနဲ့ပါတ်သက်ပြီး ရခိုင်ပြည်နယ်က လယ်သမားတွေနားလည်မှု့နည်းနေသေးကာ အစိုးရရဲ့ပညာပေးမှုတွေကလည်းအားနည်းနေသေးပါတယ်။ ၂၀၁၂ခုနှစ်ကပြဌာန်း လယ်ယာမြေဥပဒေနဲ့ပါတ်သက်ပြီး ရခိုင်ပြည်နယ်က လယ်သမားတွေအနေနဲ့ လက်ရှိအချိန်ထိ ဥပဒေကို သရှိနားလည်မှု့နည်းနေသေးကာ အစိုးရအဆက်ဆက်ရဲ့ ပညာပေးမှုအပိုင်းကလည်း အားနည်းနေသေးပါတယ်လို့ သဇင်ဥပဒေအထောက်အကူအဖွဲ့ရဲ့ စီမံကိန်းဒါရိုက်တာ ဦးမျိုးမြတ်ဟိန်းက DMG ကိုပြောပါတယ်။

ရခိုင်ပြည် စစ်တွေမြို့ ခရိုင်ထွေထွေအုပ်ချုပ်ရေးမှုးရုံးမှာ မေလ ၂၅ ရက်နေ့ကနေ ၂၆ ရက်နေ့ထိပြုလုပ်တဲ့ လယ်ယာမြေဥပဒေနဲ့ နည်းဥပဒေတွေအကြောင်း လယ်သမားတွေကို ရှင်းလင်းသင်ပြပေးတဲ့ သင်တန်းမှာ ၎င်းကအခုလိုပြောဆိုခဲ့တာပါ။

 

 

Author: ဝေလင်း