ထိုင်နိုင်ငံ၊ ကော့တောင်၊ လိပ်ကျွန်းလူသတ်မှုကို ပြည်ထောင်စုအဆင့်က ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာရွေ့ပြောင်းလုပ်သားများအရေး ကူညီဆောင်ရွက်ပေးနေသူ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (ထိုင်းတောင်ပိုင်း)မှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က တောင်းဆိုလိုက်ပါတယ်။

"လိပ်ကျွန်းမှ ပဲ့တင်သံ ရုပ်သံမှတ်တမ်း သတင်းစာရှင်လင်းပွဲ" ကို ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ဗိုလ်တစ်ထောင်ဘုရားလမ်းရှိ Orchid Hotel မှာ မေလ ၁၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးထူးချစ်က အဲဒီလိုတောင်းဆိုလိုက်တာ ဖြစ်ပါတယ်။ 

Author: ကောင်းကောင်း