ရခိုင်ပြည်နယ်မှာ မိုးရာသီရောက်လာပြီဆိုရင် သဘာဝဘေးအန္တရာယ်နဲ့ အမြဲကြုံနေရတဲ့အတွက် သဘာဝဘေးအန္တရာယ်ကို ခံနိုင်ရည်ရှိဖို့ ကြိုတင်ပြင်ဆင်မှူတွေ၊ လေ့ကျင့်မှူတွေ စစ်တွေမြို့မှာ အစိုးရအဖွဲ့နဲ့ ADPC ကူညီရေးအဖွဲ့တွေ ပူးပေါင်းပြီး ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
မေလ ၂ ရက်နေ့က ရခိုင်ပြည်နယ် လူမှူကယ်ဆည်ရေးနဲ့ ပြန်လည်နေရာချထားရေးအဖွဲ့နဲ့ ADPC လို့ ခေါ်တဲ့ အရပ်ခြားဒေသ ဘေးအန္တရာကယ် ကြိုတင်ကာကွယ်ရေးအဖွဲ့တို့က စစ်တွေမြို့နယ် ချောင်းနွယ်ကျေးရွာအုပ်စုက ဒေသခံတွေကို သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ ဇာတ်တိုက်လေ့ကျင့်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်တွေမြို့နယ်မှာ မုတ်သုံအကြိုကာလ မုန်တိုင်းသဣန်တူ လေ့ကျင့်ခန်းတွေကို ချောင်းနွယ်ကျေးရွာအုပ်စုရှိ ကျေးရွာ (၅) ရွာကို ပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် မုန်တိုင်းကာလ အရေးပေါ်အသုံးပြုနိုင်ဖို့အတွက် ဆက်သွယ်ရေးပစ္စည်းတွေနဲ့ အသက်အကျီတွေလည်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။





