ရခိုင်ပြည်နယ် သံတွဲခရိုင်မှာ ယခုနှစ်တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်မှု အောင်ချက်အများဆုံးမြို့မှာ ဂွမြို့ဖြစ်ပြီး သံတွဲမြို့က ဒုတိယ နဲ့ တောင်ကုတ်မြို့က တတိယဖြစ်တယ်လို့ သံတွဲခရိုင်အခြေံပညာဦးစီးဌာန ခရိုင်ပညာရေးမှူးရုံးက သိရပါတယ်။
သံတွဲခရိုင်မှာ အရင်နှစ်က တက္ကသိုလ်ဝင်တန်းအောင်ချက် ၂၂.၇၈ ရှိခဲ့ပြီး အခုနှစ်မှာ ၂၃.၅၆ ရှိတဲ့အတွက် တစ်ခရိုင်လုံးအတိုင်းတာအနေနဲ့ ဒီနှစ်မှာ အောင်ချက်မြင့်တက်လာတယ်လို့ သံတွဲခရိုင်ပညာရေးမှူး တာဝန်ခံဦးသန်းစိန်က DMG ကို ပြောပါတယ်။
လတ်တလောသတင်းများအရ ရခိုင်ပြည်နယ်ဟာ တက္ကသိုဝင်တန်းအောင်ချက်မှာ ချင်းပြည်နယ်ရဲ့ အောက်ကို ရောက်ရှိသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး ခရိုင်ပညာရေးမှူး တာဝန်ခံ ဦးသန်းစိန်က DMG ကို အခုလို ဖြည့်စွပ်ပြောပြခဲ့ပါတယ်။




