မိုးဇလရဲ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၆ နာရီ တိုင်းထွက်ချက်အရ သံတွဲမြို့ရဲ့ မိုးရေချိန်မှာ ၁၀.၄၇ လက်မဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းမှူကြောင့် သံတွဲမြို့နယ်အတွင်း မိုးအဆက်မပြတ်ရွာသွန်း လျက်ရှိရာ မိုးလေ၀သခန့်မှန်းချက်များအရ အခုရှိအချိန်မှစပြီး နောက် ၄၈ နာရီအထိ ရခိုင်ပြည်နယ်အတွင်း မိုးရွာသွန်းမှုပိုမိုလာနိုင်ကြောင်း သိရှိရပါတယ်။

သံတွဲမြို့နယ်မှာ ဇွန်လ ၁၈ ရက်နေ့ ညမှစပြီး မိုးအဆတ်မပြတ်ရွာသွန်းနေတာကြောင့် မြို့တွင်းရှိ ဇီးချောင်းရေမြောင်းက ရေလျှံလာတဲ့အတွက် အမှတ် (၁) ရပ်ကွက် သြဘာလမ်းပေါ်နဲ့ နေအိမ် ၁၅ လုံးခန့်သို့ ရေစတင်ဝင်ရောက် လျက်ရှိတယ်လို့ သိရပါတယ်။

အိမ်တွေက ခြေတန်ရှည်အိမ်တွေဖြစ်ပြီး လူနေထိုင်တဲ့အထပ်သို့ ရေရောက်ရှိခြင်း မရှိသေးကြောင်းနှင့် အိမ်ကြမ်းပြင်နဲ့ ရေအကွာအဝေးမှာ ၆ ပေခန့်ဖြစ်ရှိနေပြီး၂၄ နာရီ အဆက်မပြတ်ထပ်မံမိုးရွာပါက အမှတ် ၁ ၊ ၂ ရပ်ကွက်တွေရှိ သုတိလမ်း၊ သြဘာလမ်း၊ မာဃလမ်း၊ စတဲ့ရတနာလမ်းတွေမှာ ရေဝင်ရောက်နိုင်ပြီး သတိပြုနေထိုင်ဖို့ မြို့နယ် သဘာဝဘေးကြိုတင်ကာကွယ်ရေး စီမံခန့်ခွဲမှူကော်မတီက အသိပေးကြေငြာ ထားကြောင်း သိရပါတယ်။

သံတွဲမြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးသန်းဇော်ဟန်ကတော့ ရေကြီးနိုင်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လိုပြင်နေသလဲဆိုတာကို အခုလိုပြောပြပါတယ်။

 

Author: မျိုးမြင့်ဇော်