၂၀၁၆ -၂၀၁၇ ပညာသင်နှစ်အတွက် ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူတွေရဲ့ အောင်လက်မှတ်နဲ့ အမှတ်စာရင်းတွေကို ဇွန်လ ၂၆ ရက်နေ့က စပြီးထုတ်ပေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံးက သိရပါတယ်။

ဒါ့အပြင်  တက္ကသိုလ်ဝင်တန်း အောင်မြင်ထားပြီး အောင်လက်မှတ်မထုတ်ရသေးတဲ့ ၂၀၁၂ ခုနှစ်မှ ယခုနှစ်ထိ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အောင်လက်မှတ်တွေကိုလည်း အဲ့ဒီနေ့မှာပဲ ထုတ်ပေးသွားမှာဖြစ်ကြောင်း ရခိုင်ပြည်နယ်ပညာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိန်ထွန်းလှက ပြောပါတယ်။ 

 

 

Author: ဝေလင်း