အစိုးရပိုင် သတင်းစာတစ်ခုဖြစ်တဲ့ မြန်မာ့အလင်းသတင်းစာမှာ သတင်း၊ ဆောင်းပါးအပါအဝင် ကဣစုံကို ရခိုင်ဘာသာစကားဖြင့်ရေးသားပြီး ထည့်သွင်းဖော်ပြသွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် သတင်းထုတ်ပြန်ရေးကော်မတီ ဥက္ကဌ ဦးမင်းအောင်က ပြောဆိုလိုက်ပါတယ်။
မြန်မာ့အလင်းသတင်းစာမှာ ရခိုင်ဘာသာစကားကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း စာမျက်နှာ (၄) မျက်နှာအပြည့် ဖော်ပြသွားမည်ဖြစ်ပြီး လက်ရှိမှာ အယ်ဒီတာအဖွဲ့ခန့်အပ်ရေးကို စီစဉ်ဆောင်ရွက်နေတယ်လို့ ဦးမင်းအောင်က ဆိုပါတယ်။





