"ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအဝိုင်း" ဆိုတဲ့ အသုံးအနှုန်းကိုမသုံးဖို့ ကန့်ကွက် ဆန္ဒဖော်ထုတ်ခဲ့တဲ့ သူတွေကို ပထမ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ စွဲဆိုထားပြီး အခု ပုဒ်မ ၅၀၅(ခ) နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ ထပ်မံတရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ဟစ်တိုင်ကွင်းမှာ ဆန္ဒဖော်ထုတ်ကြဖို့ ခွင့်ပြုခဲ့ပေမယ့် အမေရိကန်သံရုံးရှေ့မှာ ရခိုင်ပြည်နယ်က မွတ်ဆလင်အသိုင်းအ၀ိုင်း အသုံးအနှူန်းတွေကို မသုံးဖို့ ကန့်ကွက်ဆန္ဒဖော်ထုတ်ခဲ့တဲ့အတွက် ကမာရွတ်မြို့နယ် ရဲတပ်ဖွဲ့က တရားစွဲဆို အမှူဖွင့်ခဲ့တာဖြစ်ပါတယ်။
အဲဒီဆန္ဒဖော်ထုတ်ပွဲမှာ ဦးဆောင်သူတွေဖြစ်တဲ့ မကွေးကျောင်းဆရာတော် ဦးပါမောက္ခ၊ မျိုးချစ်ရဟန်းပျိုသမဂ္ဂ (ရန်ကုန်) ဥက္ကဌ ဆရာတော် ဦးဥာဏဓမ္မနဲ့ အတွင်းရေးမှူး ဆရာတော် ဦးသုစိတ္တ၊ မြန်မာ့အမျိုးကွန်ယက် ဥက္ကဌ ကိုဝင်းကိုကိုလတ်နဲ့ တွဲဖက်အတွင်းရေးမှူး ကိုနောင်နောင်လေး၊ အမျိုးသားရေး တက်ကြွလှူပ်ရှားသူ ကိုသက်မျိုးဦးတို့ကို စွဲဆိုထားတာ ဖြစ်ပါတယ်။
မြန်မာအမျိုးသားကွန်ရက် တွဲဖက်အတွင်းရေးမှူး ကိုနောင်နောင်လေးကတော့ ဒီနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာကို သူတို့ သိစေချင်တယ်လို့ ဆိုပါတယ်။




