ရခိုင်ပြည်နယ်မှာ သမိုင်းဝင်စေတီတစ်ဆူဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့က ဦးရာဇ်တောင်စေတီကို လာရောက် ဘုရားဖူးကြတဲ့ဧည့်သည်တွေမှာ သက်ကြီးရွယ်အိုတွေပါရင် အခက်အခဲဖြစ်တာကြောင့် ဘုရားဖူးဧည့်သည်အားလုံး အဆင်ပြေစေဖို့ ဓါတ်လှေကား တည်ဆောက်နေတာ အခုဆိုရင် ၃၀ ရာခိုင်နှုန်း ပြီးစီးနေပြီလို့ သိရပါတယ်။
ဦးရာဇ်တောင်စေတီသို့ ဘုရားဖူးဧည့်သည်တွေ စည်စည်ကားကားမရောက်တာဟာ တောင်ပေါ်သို့ တက်ရဆင်းရတာဟာ သက်တောင့်သက်သာ မဖြစ်တဲ့အတွက် အခုလိုဓါတ်လှေကားဆောက်ရတာ ဖြစ်တယ်လို့ ဦးရာဇ်တောင်စေတီ ဂေါပကအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ဦးက အခုလိုပြောပါတယ်။




