ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်အတွင်းမှာ အကောင်အထည်ဖော်ဆောင်ရွက်မယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် ဒေသခံတွေ နစ်နာမှုမရှိအောင် အကာအကွယ်ပေးဖို့အတွက် ဒေသခံရခိုင်လူထုတွေက တိုက်တွန်းတောင်းဆိုကြပါတယ်။

ဧပြီလ ၂၉ ရက်နေ့က စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးနဲ့ပတ်သတ်ပြီး စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်သန်းမြင့် ဦးဆောင်ကာ ဒေသခံရခိုင်လူထုတွေနဲ့ တွေ့ဆုံခဲ့ကြရာမှာ ဒေသခံတွေဘက်က တိုက်တွန်းတောင်းဆိုလိုက်ကြတာပါ။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်