ကျောက်ဖြူမြို့နယ် မီးလောင်ပြင်ကွင်းနဲ့ ငါးကန်တို့တွင် ဒေသခံအချို့မှာ ကျူးကျော်လာမှုတွေရှိနေတာကြောင့် ဒေသအာဏာပိုင်တို့မှ ဒီနေ့ညနေ ၃ နာရီခွဲဝန်းကျင်မှာ ကျူးကျော်ခြံခတ်ထားခြင်း၊ ကြိုးတားထားခြင်း၊ အိမ်ဆောက်ထားခြင်းတို့ကို ဖျတ်ဆီးသိမ်းယူခဲ့ကြောင်း သိရပါတယ်။
အဲ့ဒီမြေနေရာတွေဟာ၂၀၁၂ ခုနှစ်တုန်းက ပဋိပက္ခဖြစ်ပွားခဲ့တဲ့ မြေနေရာဖြစ်တယ်လို့ သိရပြီး ကျူးကျော်သူအချို့မှာလည်း လက်ရှိမိမိတို့နေထိုင်တဲ့နေရာတွေကို ရောင်းချခဲ့ပြီး လာရောက်ကျူးကျော်နေထိုင်နေကြတာဖြစ်ကြောင်း ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးက သိရပါတယ်။
လက်ရှိမှာ အိမ်ခြေအနေဖြင့် ၂၂ အိမ်လောက် ကျူးကျော်ထားပြီး အခုလို ကျူးကျော်မှုတွေ မပြုလုပ်ဖို့အတွက် အရင်နှစ်ကတည်းက အသိပေးကြေငြာထားခဲ့ပေမယ့်လည်း လိုက်နာမှုမရှိတာကြောင့် အခုလိုပြုလုပ်ရတာဖြစ်ကြောင်းနဲ့ လက်ရှိကျူးကျော်နေတဲ့ ရခိုင်ပိုက်ဆိပ်အကြား ငါးကန်ကို ရေကြောင်းရဲတပ်ဖွဲ့ကို လွှဲပေးဖို့အစီစဉ်ရှိတယ်လို့ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီလင်းက ပြောပါတယ်။




