CITIC ကုမ္ဗဏီနဲ့ သဘောတူစာချုပ်မှာရေနက်ဆိပ်ကမ်းနဲ့ စက်မှူဇုန်စီမံကိန်း ၂ ခုပါဝင်ပြီး စွမ်းအင်ကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်တွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
တရုတ်ကွန်မြူနစ်ပါတီက ဗဟိုကော်မတီ နိုင်ငံခြားရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီးလည်း ဧပြီလ ၂၄ ရက်နေ့က ကျောက်ဖြူမြို့မှာ ဒေသခံတွေနဲ့တွေ့ဆုံပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကိစ္စ၊ ကျောက်ဖြူ- ကူမင်းရထားလမ်းကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ မဒေးကျွန်းဒေသခံ ကိုထွန်းကြွယ်က DMG သို့ ပြောပါတယ်။




