တရုတ်နိုင်ငံသို့ ရေနံတွေတင်ပို့ဖို့ မဒေးကျွန်းမှာ ရေနံတင်သင်္ဘောကြီးတွေ ဆိုက်ကပ်တာကြောင့် ငါးဖမ်းလုပ်ကွက်တွေ ပျက်စီးပြီး လှေသမားတွေ နားခိုဖို့ နေရာအဆင်မပြေတဲ့အတွက် ကျောက်ဖြူမြို့နယ်က ရေလုပ်သားတွေ မနေ့က CNPC တရုတ်ကုမ္ပဏီကို ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။ 


အင်အား ၁၀၀၀ ခန့်ရှိတဲ့ရေလုပ်သားတွေဟာ စက်လှေ ၁၀၀ ကျော်နဲ့ ကျောက်ဖြူမြို့ ဂျပန်မဆိပ်ကမ်းကနေ မဒေးကျွန်းသို့ သွားရောက်ဆန္ဒပြခဲ့ကြပြီး CNPC ရုံးရှေ့မှာလည်း ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒဖော်ထုတ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ 

CNPC တရုတ်ကုမ္ပဏီက ဒေသခံတွေကို ဂရုမစိုက်ဘဲ လုပ်ချင်တာလုပ်နေတဲ့အတွက် ဆန္ဒပြရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါဝင်တဲ့ မဒေးကျွန်းဒေသခံ မောင်မြင့်စိုးက DMG ကို ပြောပါတယ်။ 


 

Author: ဟန်ထူးဇော်