၂၀၁၇-၂၀၁၈ ပညာနှစ်အတွက် ကျောက်သုံးပုံနှိပ်စာအုပ်တွေကို အစိုးရမှအခမဲ့ထုတ်ပေးခဲ့ပေမယ့် ကျောက်ဖြူမြို့နယ်မှာ လုံလောက်မှု့မရှိသဖြင့် ကျောင်းသား ကျောင်းသူအချို့ အခက်ခဲရှိနေကြတယ်လို့ သိရပါတယ်။
စာအုပ်လုံလောက်မှုမရှိတာကြောင့် အပြင်မှပြန်ဝယ်နေရပြီး ငွေကြေးတက်နိုင်သူတွေအနေဖြင့် ပြသာနာမဟုတ်သော်လည်း မိမိတို့က အခက်ခဲရှိကြောင်းပာု ကျောင်းသားမိဘဖြစ်သူ ဦးကျော်မောင်မောင်က ပြောပါတယ်။
အရင်နှစ်တွေမှာ အခုလိုမဖြစ်ခဲ့ကြောင်း ယခုအခါ Great 1 မှာ သင်ရိုးညွှန်းအသစ်ဖြစ်နေတဲ့အတွက် အစားထိုးထည့်လို့မရဘဲ ပိုပြီးခက်ခဲနေကြောင်း၊ ၁၀ တန်းတွင် ဘောဂဗေဒနှင့် ဓါတုဗေဒပညာရပ်ဆိုင်ရာ စာအုပ်တွေလည်း လုံလောက်မှုမရှိကြောင်း ကျောက်ဖြူမြို့နယ် ပညာရေးမှူး ဦးရွှေမောင်ကြီးက ပြောပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အထက်တန်းကျောင်း ၃ ကျောင်း၊ အလယ်တန်းကျောင်း ၂ ကျောင်း၊ အထက်တန်းကျောင်းခွဲ ၁ ကျောင်း၊ မှုလတန်း ၉ ကျောင်းနဲ့ ဘုန်းတော်ကြီးစာသင်ကျောင်း ၅ ကျောင်းရှိကြောင်း သိရပြီး ကျောင်းပုံနိပ်စာအုပ်မှာ ကျောင်းသားဦးရေ ၃၀ ရာခိုင်နှုန်း လိုအပ်နေကြောင်းသိရပါတယ်။
အလားတူ ရခိုင်ပြည်နယ် မြို့နယ် အများစုမှာ ကျောင်းသုံးစာအုပ်တွေ မလုံလောက်ကြဘူးလို့ သိရပါတယ်။




