ရခိုင်ပြည်နယ်၊ ပေါက်တောမြို့ ရပ်ကွက် (၃)မှာ ဒီနေ့ နံနက် ၈ နာရီကျော်ခန့်က မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့တာကြောင့် ကျပ်သိန်း (၁၅၀) ဖိုး ဆုံးရှုံးသွားခဲ့ပြီး လူ (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ ပေါက်တောမြို့မရဲစခန်းမှ ဒုရဲမှူးကျော်ဇံက ပြောပါတယ်။
ဒီနေ့ မနက် ၈ နာရီကျော်လောက်မှာ ဦးနိုင်နိုင်ထွန်းဆီဆိုင်မှာ ရေနံဆီလောင်းပြီး မီးမွှေးရာကနေတစ်ဆင့် မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးရှိ လူနေအိမ်အပါအဝင် ဆိုင်ခန်းပေါင်း (၁၄) ခန်း ပျက်စီးဆုံးရှုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေကိုတော့ ပေါက်တောဆေးရုံကို ပို့ဆောင်ခဲ့ကာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သူ လေးဦးကိုတော့ စစ်တွေဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်လိုက်ရတယ်လို့ သိရပါတယ်။





