ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက တင်သွင်းခဲ့တဲ့ ရခိုင်ပြည်နယ်မောင်တောဒေသဆိုင်ရာ အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှု စွပ်စွဲချက်တွေဟာ မှန်ကန်မှုမရှိကြောင်း တပ်မတော်သတင်းမှတ်ပြန်ကြားရေးအဖွဲ့က ဒီလ ၂၂ က သတင်းထုတ်ပြန်ခဲ့တယ်လို့ မြန်မာတိုင်းမ်စ်က ဖော်ပြပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံး( ကြည်း) ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်တဲ့ တပ်မတော်စုံစမ်း စစ်ဆေးရေး အဖွဲ့ဟာ ရခိုင်ပြည်နယ်မောင်တောဒေသသို့ ရက်ပေါင်း ၂ဝ ကျော်လေ့လာစုံစမ်းမှုများပြုလုပ်ခဲ့ရာမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးက စွပ်စွဲခဲ့တဲ့ အချက် ၁၈ ချက်အနက် ၁၂ မှာ လုံးဝမှန်ကန်မှုမရှိကြောင်း စုံစမ်းတွေ့ရှိခဲ့ပြီး ကျန်ခြောက်ချက်မှာ ဖြစ်စဉ်အပေါ် မမှန်မကန်ချဲ့ကားစွပ်စွဲထားတဲ့ အချက်တွေဖြစ်တာကို စုံစမ်းတွေ့ရှိခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ 

 

{youtube}Tcj6jBsyt1E{/youtube}

 

Author: နေရောင်မင်း(စစ်တွေ)