ဟိန္ဒူဘုရားကျောင်းတွေ မရှိစေရဘူး၊ အစ္စလာမ်ဘာသာမှအပ ဘယ်ဘာသာမှ မရှိစေရကြောင်း၊ ဟိန္ဒူလူမျိုးတွေ အစ္စလာမ်ဘာသာကို အားလုံးကူးပြောင်းရမည်ဖြစ်ကြောင်းနဲ့ အစ္စလာမ်ဘာသာ ကူးပြောင်းပါက နိုင်ငံခြားထွက်ခွာနိုင်အောင် လုပ်ပေးမယ်ဖြစ်ပြီး ချမ်းချမ်းသာသာထားပေးမယ် ဖြစ်ကြောင်းကို ပြောဆိုပြီး ခြိမ်းခြောက်တယ်လို့ အဲဒီဟိန္ဒူအမျိုးသမီးကဆိုပါတယ်။

အဲဒီကမ်းခြေအနီးရှိ ကျောက်ပန်းဒူ ဘင်္ဂလီကျေးရွာမှာ အိမ်ခြေ ၅၆၀ ကျော်ရှိပြီး ဟိန္ဒူအိမ်မှာ ဘုရားကျောင်း အစောင့်အဖြစ် ထားရှိတဲ့ နေအိမ်တစ်လုံးသာရှိကြောင်းနဲ့ ဒီအမှူကို သက်ဆိုင်ရာ အာဏာပိုင်တွေကို တိုင်ကြားထားတယ်လို့ ဘုရားကျောင်းဂေါပကတာဝန်ခံ ဦးမောင်နီက အခုလိုပြောပါတယ်။

Author: ချလူးအောင်