မြန်မာနိုင်ငံ အချုပ်အခြာအာဏာအတွက် အရေးကြီးတဲ့ မောင်တောမြို့နယ် တောင်းပိုင်းဒေသနဲ့ မြောက်ပိုင်းဒေသတွေမှာ ဘင်္ဂလီအကြမ်းဖက်သမားတွေ စုရုံးနေတယ်လို့ ခိုင်မာတဲ့သတင်းရပ်ဝန်း က ဒေသခံတွေက DMG သို့ သတင်းပေးပို့ထားပါတယ်။

ဒီရက်ပိုင်းအတွင်း လူမှူကွန်ယက်စာမျက်နှာနဲ့ ယူကျူးစာမျက်နှာတို့မှာ ပျံ့နှံ့နေတဲ့ ဘင်္ဂလီအကြမ်းဖက်သမားတွေရဲ့ ဗီဒီယိုဖိုင်မှာ ပါတဲ့ ဘင်္ဂလီတွေဟာ မောင်တောမြို့နယ် ဒါးကြီးစား ကျေးရွာနဲ့ အနီးရှိ ဘင်္ဂလီကျေးရွာတွေက ဖြစ်တယ်လို့ မောင်တော DMG သတင်းထောက်က ပြောဆိုပါတယ်။

မောင်တောမြို့ မြောက်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသတွေမှာ ဘင်္ဂလီကျေးရွာတွေ အများစုရှိပြီး အဲဒီကျေးရွာတွေမှာ အကြမ်းသမားတွေ အမြဲခိုလှူံကြတယ်လို့ သိရပါတယ်။ ဘင်္ဂလီကျေးရွာတွေ ထူထပ်တဲ့အတွက် တရားခံတွေ၊ အကြမ်းသမားတွေကို အဲဒီကျေးရွာမှာ သွားဖမ်းဆိုရင်တောင် မလွယ်ကူနိုင်ဘူးလို့ DMG သတင်းထောက်က ပြောဆိုပါတယ်။

လာမယ့် ဇွန်လအတွင်းမှာ မောင်တောဒေသကို ဘင်္ဂလီအကြမ်းဖက်သမားတွေက ထပ်မံတိုက်ခိုက်ဖွယ်ရှိတယ်လို့ ဖိုရိမ်းတာမြန်မာသတင်းဌာနက ခိုင်မာတဲ့သတင်းရပ်ဝန်းက ရရှိထားတယ်လို့ ရေးသားထားပါတယ်။

Author: DMG