ဧပြီလ ၂၇ ရက်နေ့ကနေ မေလ ၁ ရက်နေ့ထိ ကျင်းပခဲ့ပြီးစီးခဲ့တဲ့ ရခိုင်ပြည်နယ် ကျောက်တော်တောင် ဘုရားပွဲ ရေပေါ်သင်္ကြန်မှာ မီးသက်တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုအောင်မြင့်ဟာ ရေနစ်ပျောက်ဆုံးသွားပါတယ်။

ရေနစ်ပျောက်ဆုံးသွားတဲ့ ကိုအောင်မြင့်ကို ကျေက်တော်ရဲစခန်းနဲ့ တာဝန်ရှိသူတွေ လိုက်လံရှာဖွေရာကနေ ယနေ့ မွန်းလွဲ ၁၁ နာရီခွဲအချိန်က ကျောက်တော်မြို့နယ် လမ်းမတော်ကမ်းခြေအနီးမှာ သူရဲ့အလောင်းကို ရှာတွေ့ပြီလို့ ကျောက်တော် ရဲစခန်းက အတည်ပြု ပြောကြားပါတယ်။

မီးသက်တပ်ဖွဲ့ဝင် ကိုအောင်မြင့်ဟာ တာဝန်ထမ်းဆောင်ရင်း သေဆုံးတာမဟုတ်ဘဲ အပျော်အပါး ရေကစားရာကနေ ရေနစ်သွားတာ ဖြစ်နိုင်တယ်လို့ ကျောက်တော်ရဲစခန်းမှူးက ပြောဆိုပါတယ်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်