ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖွင့်လှစ်ထားတဲ့ ရွှေကရုဏစေတနာဆေးခန်းမှာ ၁၁ ကြိမ်မြောက် မျက်စိအတွင်းတိမ် ဝေဒနာရှင် (၃၀၀) ဦးကို ဒီကနေ့ မေလ ၂၂ ကနေ ၂၄ ရက်နေ့အထိ ၃ ရက်တိုင်တိုင် ဆေးကုသပေးနေတာ ဖြစ်ပါတယ်။ အဲဒီအခမဲ့ဆေးကုသမှုကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနှင့် ရွှေကရုဏာ စေတနာဆေးခန်းတို့ပူးပေါင်း လုပ်ဆောင်တာဖြစ်ပြီး ရန်ကုန်မြို့ မျက်စိအထူးကု ဆရာဝန်ကြီးတွေကိုခေါ်ယူကာ ကုသပေးနေတာဖြစ်တယ်လို့လည်း ဒေါက်တာ သန်းစိုးက ပြောဆိုပါတယ်။ 

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်