ရခိုင်ပြည်နယ်ရဲ့ ကုန်သွယ်မှုပမာဏာမှာ အလွန်နည်းပါးနေတာကြောင့် ကုန်သွယ်မှုပိုမိုတိုးတက်လာစေဖို့အတွက် မြန်မာ - ဘင်္ဂလာဒေ့ရှ်နယ်စပ်ဒေသ၊ မောင်တောမြို့နယ်အတွင်းမှာရှိတဲ့ ကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးဇုန်ကို အခုနှစ်အတွင်းမှာဖွင့်လှစ်ဖို့ ရခိုင်ပြည်နယ်အစိုးရက စီစဉ်နေပါတယ်။

ရခိုင်ပြည်နယ်ရဲ့ လက်ရှိကုန်သွယ်မှုပမာဏာဟာ တစ်နှစ်မှာ ဒေါ်လာ ၅ သိန်းခန့်သာရှိပြီး အဲ့ဒါဟာ အလွန်နည်းပါးတဲ့ပမာဏဖြစ်နေတာကြောင့် ကညင်ချောင်းနယ်စပ်ကုန်သွယ်ရေးဇုန်ကို ဖွင့်လှစ်နိုင်ရင် ကုန်သွယ်မှုပမာဏာ တိုးတက်လာမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဘဏ္ဍာ ၊ အခွန် ၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက ပြောဆိုခဲ့တာပါ။

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်