မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ယူနစ်စကိုင်နိုင်အောင် ဆောင်ရွက်ရေး (ပထမအကြိမ်) ဆွေးနွေးပွဲတစ်ရပ်ကို မေလ ၁၇ ရက်နေ့က မြောက်ဦးခရိုင်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီဆွေးနွေးပွဲကို ယဉ်ကျေးမှူနဲ့ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးအောင်ကို၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပညာရှင်တွေနဲ့ ဒေသခံတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

မြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်ယဉ်ကျေးမှုအမွေအနှစ် စာရင်ဝင်နိုင်ဖို့အတွက် မြောက်ဦးရှေးဟောင်းနယ်မြေရဲ့ ထူးခြားချက် ခံတပ်၊ ကျုံး၊ ရေသွင်းရေထုတ်စနစ်တွေကို အဓိကဦးတည်ပြီး ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ယူနက်စကိုဝင်အောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ 

 

Author: သားသျှေလေး