ရခိုင်ပြည်နယ်မှာ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှူနဲ့ ပတ်သက်ပြီး လ၀က ဌာနက ဘင်္ဂလီတွေကို ဥပဒေနဲ့ မညီဘဲ နိုင်ငံသားကတ် ထုတ်ပေးတာဟာ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့်မရှိတာကြောင့် ဖြစ်တယ်လို့ ရခိုင်အမျိုးသားပါတီက ဥက္ကဌ ဒေါက်တာအေးမောင်က ပြောဆိုလိုက်ပါတယ်။ 

ရခိုင်အမျိုးသားပါတီက ဥက္ကဌလည်းဖြစ်၊ အမ်းမြို့နယ်မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာအေးမောင်မှာ မေလ ၇ ရက်နေ့က ဘူးသီးတောင်နဲ့ မောင်တောဒေသသို့ သွားရောက်ပြီး ဒေသခံလူထုတွေနဲ့ တွေ့ဆုံစဉ် DMG ရဲ့ မေးမြန်းမှူကို အဲဒီလိုဖြေကြားလိုက်တာ ဖြစ်ပါတယ်။ 


Author: ဝံသ(မောင်တော)
Development Media Group