မတရားသင်း အက်ဥပဒေနဲ့ ငြိစွမ်းတယ်ဆိုပြီး ဖမ်းဆီးခံထားရတဲ့ မြတန်ဆောင်းဆရာတော် ဦးနန္ဒသာရနဲ့ ကိုခိုင်နီမင်းတို့ လွတ်မြောက်ရေးအတွက် ဒီကနေ့ (မေလ ၁၄ ရက်နေ့) နေ့လည် ၁ နာရီအချိန်ခန့်မှာ ပေါက်တောမြို့ပေါ်မှာ လမ်းလျှောက်ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။
မြတန်ဆောင်းဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ရခိုင့်တပ်မတော် (AA) ရှစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် “ရက္ခိုင့်တပ်မတော်ဖလား” ဘောလုံးပြိုင်ပွဲကို မြတန်ဆောင်း ဘုန်းတော်ကြီး ပညာရေးကျောင်းမှာ ကျောင်းသားတွေအတွက် ကျင်းပခဲ့ရာကနေ မတရားအသင်းအက်ဥပေဒနဲ့ ငြိစွန်းတယ်ဆိုပြီး ဖမ်းဆီးခံခဲ့ရတာပါ။





