မြန်မာနိုင်ငံသွားနေတဲ့ ဒီမိုကရေစီခေတ်ကြီးမှာ မိမိယုံကြည်ရာ ပြောပိုင်ခွင့်၊ လုပ်ပိုင်ခွင့်ကြောင့် ဖမ်းဆီးတဲ့ပုဒ်မဟာ မလိုအပ်တော့ဘူးလို့ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်တဲ့ ဦးစိန်လှဖြူက အခုလိုပြောပါတယ်။
ဦးစိန်လှဖြူမှာ မြို့မအားကစားကွင်းကနေ စတင်ထွက်ခွာပြီး မြို့သစ်လမ်း၊ ဦးဥတ္တမလမ်းနဲ့ ဈေးကြီးလမ်းအတိုင်း မြို့ကိုပတ်ကာ သာသနာ့ဗိမာန်တော်ကြီးကနေတဆင့် မြို့မအားကစားကွင်းမှာ ပြန်လည်အဆုံးသတ်ခဲ့ပါတယ်။
အဲဒီဆန္ဒထုတ်ဖော်ပွဲမှာ ရဟန်းသံဃာတော်တွေကို အစိုးရကကြည်ညိုလေးစားပါ၊ ပြည်သူလူထုရဲ့ ဆန္ဒကိုအစိုးရကလေးစားပါ၊ တိုင်းရင်းသားတွေကို အစိုးရကလေးစားစွာဆက်ဆံပါ စတဲ့အချက်တွေကို ကြွေးကြော်ခဲ့တယ်လို့ သိရပါတယ်။




