မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ရှေးအကျဆုံးလူမျိုးတစ်မျိုးဖြစ်တယ်လို့ ဒီနေ့ မေလ ၁၆ နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဗန်းဗွီးကျေးရွာတွင် ကျင်းပပြုလုပ်တဲ့ (၂) ကြိမ်မြောက် မြိုအမျိုးသားနေ့မှာ ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်တဲ့ မြိုစာပေနှင့်ယဉ်ကျေးမှု ဥက္ကဌဦးဇနီဖြူက ပြောကြားလိုက်တာ ဖြစ်ပါတယ်။ 

မြိုလူမျိုးတွေဟာ ရခိုင်ပြည်နယ်မှာ ရှေးအကျဆုံးလူမျိုးတစ်မျိုးဖြစ်တာကြောင့် စစ်တွေက ဆရာတော်တွေအပါအဝင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တောအစရှိတဲ့ မြို့နယ်တွေက မြိုခေါင်းဆောင်တွေ ဆွေးနွေးပြီး မြိုအမျိုးသားနေ့ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း ဦးဇနီဖြူက ဆိုပါတယ်။

 

Author: ဇောင်း(ပုဏ္ဏားကျွန်း)