- စစ်တွေတက္ကသိုလ်မှာ ဒုတိယအကြိမ်မြောက် Water Party သင်္ကြန်ပွဲတော်ကျင်းပ

- မြောက်ဦးကိစ္စကိုစစ်ဆေးဖို့ လွှတ်တော်ကလုပ်ပိုင်ခွင့်မရှိတဲ့အတွက် စုံစမ်းလေ့လာရေးအဖွဲ့လို့ အမည်ပြောင်းလဲလိုက်

- မောင်တောမြို့နယ်မှာ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ၅ နှစ်အောက် ကလေးငယ်တွေကို ပြည်နယ်ကျန်းမာရေးနဲ့ လူမှုဝန်ထမ်းက ငွေကြေးထောက်ပံ့

- အမေရိကန်ရောက် ရခိုင်တွေက ၂၀၁၇ ခုနှစ် ရခိုင့်အမျိုးသားစွမ်းဆောင်ရည်ဆုကို ပရဟိတသမား ကိုအမ်းသားကြီးအားပေးအပ်လိုက်တဲ့ သတင်းတွေဖြစ်ပါတယ်။

- မာန်အောင်မြို့နယ်မှာ အိမ်မွေးကြက်တွေ အမြောက်အများသေဆုံးနေ

- စစ်တွေမိုင်းပေါက်ကွဲမှု သံသယနဲ့ ဖမ်းဆီးထားသူတွေကို ချုပ်ရမန် ၂ ပတ် ထပ်မံယူ

- စည်ပင်ဝန်ကြီးနေရာအတွက် အမည်စာရင်းတင်သွင်းခံရသူ ဦးဝင်းမြင့်ကို ရခိုင်ပြည်နယ်လွှတ်တော်က ကန့်ကွက်သူမရှိ သဘောတူ

- ဘင်္ဂလားဒေ့ရှ်နိုင်ငံက မောင်တောသို့ ခိုလှုံလာတဲ့ ရခိုင်နဲ့ မြိုလူမျိုး ၂၀၀ ကျော်ကို ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ကူညီနေတဲ့သတင်းတွေ ဖြစ်ပါတယ်။

- မောင်တောမြို့နယ်သို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ မြိုလူမျိုး အိမ်ထောင်စု ၄၁ စု ဒီကနေ့ ထပ်မံ ရောက်ရှိလာ

- ရကိုအမ်းသားကြီးကို ၂၀၁၇ ခုနှစ် ရခိုင့်အမျိုးသားစွမ်းဆောင်ရည်ဆု ချီးမြှင့်ပေးအပ်သွားမယ်

- ကျောက်ဖြူမြို့မှာ အများပြည်သူ အနားယူအပန်းဖြေနိုင်မယ့် အမုန်းတရားကင်းမဲ့ဇုန်လို့ အမည်ပေးထားတဲ့ အပန်းဖြေနေရာတစ်ခု ဖွင့်လှစ်

- ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေးဆိုင်ရာ လူထုတွေ့ဆုံပွဲတွေကို ကျင်းပခွင့်မပေးသေးဘူး သတင်းတွေ ဖြစ်ပါတယ်။

- ဘင်္ဂါလီတွေရဲ့ အန္တရာယ်ကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ရခိုင်တိုင်းရင်းသား ၈၀ ကျော် မောင်တောသို့ ဝင်ရောက်ခိုလှုံ

- ရန်ကုန်သို့ပြောင်းရွှေ့ထားတဲ့ ကမန်တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီး ပြန်လည်သုံးသပ်ဖို့ပြောဆိုတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်ဟာ ပထဝီအနေအထားကို နားမလည်ကြောင်း ကမန်အမျိုးသားတိုးတက်ရေးပါတီဝေဖန်

- ရသေ့တောင်မြို့နယ် ကျောက်တန်းရဲကင်းစခန်းကို နယ်မြေခံရဲစခန်းအဖြစ် တိုးမြှင့်ပေးမယ့် သတင်းတွေဖြစ်ပါတယ်။

- မာန်အောင်မြို့နယ်မှာ လယ်ယာမြေလျော်ကြေးငွေမယူတဲ့ ဒေသခံသုံးဦးထဲက နှစ်ဦးကို မတ်လ ၁၃ ရက်နေ့မှာ မြို့နယ်တရားရုံးက အမိန့်ချမယ်

- အမ်းမြို့နယ်မှာ ရခိုင့်အားမာန် ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသူတွေအတွက် အသက်အာမခံကြေးနဲ့ ထောက်ပံ့ငွေတွေ ဒီကနေ့ ပေးအပ်

- ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ လစ်လပ်နေတဲ့ စည်ပင်ဝန်ကြီးနေရာကို အစားထိုးခန့်အပ်ဖို့ NLD အမတ်တစ်ဦးကို အမည် စာရင်းတင်သွင်းထား

- လူငယ်တွေကိုယ်ခံပညာတတ်မြောက်ဖို့နဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်စေဖို့ မောင်တောမြို့နယ်မှာ အိုကီဒိုနဲ့ ကရာတေးသင်တန်းဖွင့်လှစ်သင်ကြားနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

- ရခိုင်မှာ မူးယစ်ဆေးဝါးအန္တရာယ်ကို ဘယ်ကာကွယ်ကြမလဲဆိုတဲ့ ခေါင်းစဉ်နဲ့ တက္ကသိုလ်ကျောင်းသားတွေ ဆွေးနွေး

- ပြည်တွင်း၊ ပြည်ပခရီးသွားတွေကို ဆွဲဆောင်နိုင်စေဖို့အတွက် ငပလီမြို့မှာရှိတဲ့ ပုလဲကျွန်းကို အဆင့်တိုးမြှင့် ဆောင်ရွက်သွားမယ်

- အစိုးရပိုင်မြေနေရာပေါ်မှာ ဆောက်လုပ်ထားတဲ့ ဈေးဆိုင်ခန်းတွေကို ဖယ်ရှားပေးနိုင်ရေး ပြည်နယ်ထွေအုပ်ရုံးက တာဝန်ရှိသူတွေနဲ့ ဆိုင်ခန်းပိုင်ရှင်တွေ တွေ့ဆုံနွေးခဲ့ကြတဲ့ သတင်းတွေ ဖြစ်ပါတယ်။

- ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူပေါင်း လေးသောင်းကျော်ရှိတဲ့ အနက် ကျောင်းသားပေါင်း ငါးထောင့်လေးရာကျော် ဖြေဆိုဖို့ပျက်ကွက်ခဲ့

- ကျောက်ဖြူမြို့မှာ လူ ၂၂ ဦး ခွေးရူးအကိုက်ခံရပြီးနောက် မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက ခွေးရူးတွေကို ကာကွယ်ဆေးလိုက်လံ ထိုးပေးနေ

- ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ရဲ့ အမှုတွဲပါဟောပြောချက်တိတ်ခွေကို တရားရုံးမှာဖွင့်ပြပေးဖို့တောင်းဆိုထားမှုကို ဒီကနေ့ တရားရုံးကပယ်ချခဲ့တယ်လို့ စွပ်စွဲခံထားရသူတွေရဲ့ အကျိုးဆောင်ရှေ့နေတွေကပြော

- မာန်အောင်မြို့နယ်က ကျောင်းသား၊ ကျောင်းသူ ၁၉ ဦး ပညာရေးအပြင် ပြင်ပဗဟုသုတ ရရှိစေဖို့ ရန်ကုန်မြို့သို့သွားပြီး သင်တန်း ၃ လ တက်ရောက်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။