- မောင်တောခရိုင် အနာဂတ်ဖွံ့ဖြိုးရေးအတွက် မြို့ပြစီမံကိန်းသစ်ရေးဆွဲနေ

- အုတ်ဈေးကွက်ရှိပေမယ့် ရမ်းဗြဲမြို့နယ်အတွင်းက အုတ်စိမ်းအငှားလုပ်ကိုင်သူတွေ အဆင်မပြေဖြစ်နေ

- စစ်တွေမြေယာဖော်ထုတ်မှုစီမံကိန်းကြောင့် ကမ်းကိုအမှီပြုပြီး လုပ်ကိုင်နေကြတဲ့ လက်ခတ်လှေ ၂၀၀ ခန့် အခက်ကြုံတွေ့နေ

- မောင်တောမြို့ဝင်မုဒ်ဦးသစ်ကို ငွေကျပ်သိန်းပေါင်း ၈၀၀ ကျော်ဖြင့် ပြန်လည်တည်ဆောက်ရန် ပန္နက်ချ အခမ်းအနားပြုလုပ်တဲ့သတင်းတို့ဖြစ်ပါတယ်။

- ပထမအသုတ်အဖြစ် နေရပ်ပြန်ပို့မယ့် ဘင်္ဂါလီ ၈ ထောင်ကျော်ရဲ့ အမည်စာရင်းတွေကို မြန်မာဖက်သို့ လွဲပြောင်းပေးအပ်

- ရခိုင်ပြည်နယ်အစိုးရက ရောင်းချမယ့် တန်ဖိုးနည်းတိုက်ခန်း (၇၂) ခန်းကိုဝယ်ယူဖို့ လျှာက်လွှာတင်သွင်းထားသူ ၄၀၀ ကျော်ရှိ

- ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်လုံးဆိုင်ရာ ကျောင်းပေါင်းစုံအာစရိယပူဇော်ပွဲ ကျင်းပပြုလုပ်မယ့်သတင်းတို့ ဖြစ်ပါတယ်။

- ဖမ်းဆီးခံရိုက်တာသတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရေး ရန်ကုန်မှာ ဆန္ဒပြတောင်းဆို

- ဘင်္ဂလားဒေ့ရှ်က ပြန်လာမယ့်ဘင်္ဂါလီများအား ယာယီနေရာချပေးမယ့်အဆောင်တွေကို မတ်လဒုတိယအပတ်မှာ အပြီးသတ်ဆောက်လုပ်သွားမယ်

- စစ်တွေမြို့မြေယာဖော်ထုတ်ရေးစီမံကိန်းက မြေကွက်သစ်တွေကို အစိုးရရဲ့ ခွင့်ပြုချက်ရမှရောင်းချရန်နှင့် လက်ရှိရောင်းချနေတာတွေကို ရပ်ဆိုင်းထားဖို့ ပြည်နယ်အစိုးရအဖွဲ့က တားမြစ်စာထုတ်ထား

- ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဆက်ဆံမှုရိုင်းပြတာတွေရှိရင် တိုင်ကြားနိုင်ပြီး ပြည်သူတွေကိုလည်း မိဘသဖွယ်သဘောထားကြောင်း ရခိုင်ပြည်နယ်ရဲမှူးကြီး ပြောကြားတဲ့သတင်းတွေ ဖြစ်ပါတယ်။

- လက်ရှိကုန်သွယ်ရေးစခန်းကနေ ကညင်ချောင်းစီးပွားရေးဇုန်သို့ ပြောင်းရွေ့ဖို့ကို စီးပွားရေးလုပ်ငန်းရှင်တွေ မလိုလား

- တိမ်ညိုကျေးရွာမှာ လက်နက်တွေရှိတယ်လို့ ဖမ်းဆီးခံထားရသူရဲ့ ထွက်ဆိုချက်အရ ရှာဖွေခဲ့ပေမယ့် လက်နက်တွေ့ရှိခဲ့ခြင်းမရှိဘူးလို့ ပြည်နယ်ရဲမှူးကြီးဆို

 - နိုင်ငံပေါင်း ၁၀ ကျော်က သံအမတ်တွေနဲ့ ကုလသမဂ္ဂအဖွဲ့အစည်းတွေဟာ မောင်တောကိုသွားရောက်ပြီး ပြန်လည်လက်ခံရေးစခန်းအခြေအနေတွေကို လေ့လာကြည့်ရှု

- ရခိုင်ပြည်နယ်က ပြောင်းရွေ့သွားကြတဲ့ ကမန်တိုင်းရင်းသားတွေဟာ ရန်ကုန်မှာကျေးရွာတည်ဆောက်ပြီး နေထိုင်လျက်ရှိတဲ့သတင်းတွေ ဖြစ်ပါတယ်။

- နိုင်ငံတော်လုံခြုံရေးတပ်ဖွဲ့ဝင် အသွင်ဆောင်တဲ့ ယူနီဖောင်းတွေကို ဝတ်ဆင်မှုမပြုကြလုပ်ဖို့ အသိပေးပြောကြား

- ပြည်သူနဲ့ တသားတည်းကျတဲ့ ဥပဒေမပေါ်သေးသရွေ့ ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်းကို ကန့်ကွက်သွားမယ်လို့ ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် ဆို

- တည်ဆောက်ဖို့စီစဉ်ထားတဲ့ ဈေး ၅ ဈေးအတွက် ဘက်ဂျက်ငွေတွေကို ဒေသဖွံဖြိုးရေးလုပ်ငန်းတွေမှာသုံးစွဲဖို့ ခွဲဝေလိုက်ပြီ

- ဖမ်းဆီးခံရိုက်တာသတင်းထောက်နှစ်ဦးကို ပန်အမေရိကအဖွဲ့ က “လွတ်လပ်စွာ သတင်းရေးသားခွင့် ဆု” ကိုချီးမြှင့်သွားမယ့်သတင်းတွေ ဖြစ်ပါတယ်။

- မြောက်ဦးပဋိပက္ခမှာ အင်အားသုံးအကြမ်းဖက်နှိမ်နင်းခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို အရေးယူပေးဖို့နဲ့ ဒေါက်တာအေးမောင်၊ ဝေဟင်အောင်တို့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ အမေရိကန်ရောက် ရခိုင်တိုင်းရင်းသားတွေ ဆန္ဒဖော်ထုတ်

- ကမန်တိုင်းရင်းသားတွေ နေထိုင်တဲ့ သာယာကုန်းကျေးရွာမှာ အလယ်တန်းကျောင်းတစ်ခု ဆောက်လုပ်ပေးနိုင်ဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ကမန်ခေါင်းတို့ တွေ့ဆုံဆွေးနွေးနေ

- မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်ဖို့ တင်ဒါပေးအပ်တဲ့အခါမှာ စည်းမျဉ်းစည်းကမ်းနဲ့ မကိုက်ညီဘူးလို့ ဒေသခံ ကုမ္ပဏီ ၁၀ ကျော်က ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်ကြား

- ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးပါတီက ဗဟိုအလုပ်အမှုဆောင်တွေ အောက်ခြေအဆင့် လိုအပ်ချက်တွေကို သိရှိနိုင်ဖို့ မာန်အောင်မြို့နယ်က ပါတီဝင်တွေနဲ့ တွေ့ဆုံခဲ့တဲ့ သတင်းတွေ ဖြစ်ပါတယ်။

- မနက်ဖြန်ပြုလုပ်မယ့် NCA လက်မှတ်ရေးထိုးရေးမှာ ရခိုင်ပြည်အမျိုးသားကောင်စီ (ANC) က ပါဝင်နိုင်ခြင်းမရှိဘူးဟုဆို

- တရုတ်နိုင်ငံကို အလုပ်လုပ်ဖို့သွာရောက်တဲ့ ကျောက်ဖြူမြို့နယ်က လူ ၁၃ ဦး ဖမ်းဆီးခံထားရပြီး မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရရှိသေး

- မြောက်ဦးဖြစ်စဉ်စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဥပဒေနဲ့မညီဘူးလို့ အစိုးရအဖွဲ့က ပေးပို့တဲ့စာအပေါ် လွှတ်တော်ကပြန်လည်တုန့်ပြန်မှုမရှိသေး

- မောင်တောမြို့မှာ ကလေးတွေကစားဖို့ အဆောင်နှစ်ခုနဲ့ ပန်းခြံကို အဆင့်မြှင့်တင်မှုတွေပြုလုပ်နေတဲ့သတင်းတွေ ဖြစ်ပါတယ်။