- မောင်တောမြို့နယ်က တိုင်းရင်းသားအရေးနဲ့ မြောက်ဦးဖြစ်စဉ်ကို ရခိုင်လူမှုအဖွဲ့အစည်းတွေ မနက်ဖြန် ဆွေးနွေးသွားမယ်

- ၂၁ ပင်လုံအတွက် ငြိမ်းချမ်းရေးဆိုင်ရာ လူထုဆွေးနွေးဖို့ စစ်တွေမြို့နယ်မှာ ကိုယ်စားလှယ်တွေ ရွေးချယ်

- တောင်ကုတ်မြို့မှာ အကောင်အထည်ဖော်နေတဲ့ မြို့ကွက်သစ် အိမ်ရာစီမံကိန်းမှာ ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ ဥပဒေနဲ့အညီ လုပ်ဖို့လိုအပ်

- မောင်တောမြို့ပေါ်မှာ ကုန်တင်ကားတွေရပ်နားဖို့ အဝေးပြေး ကားကွင်းတစ်ခု မဖြစ်မနေ လိုအပ်နေတဲ့ သတင်းတွေ ဖြစ်ပါတယ်။


- မြောက်ဦးဖြစ်စဉ်အတွင်း ဒဏ်ရာရှိပြီး စစ်တွေဆေးရုံက အချုပ်သားလူနာဆောင်မှာ ဆေးကုသခံယူနေကြတဲ့ လူနာ ၈ ဦးကို စစ်တွေအကျဉ်းထောင်သို့ ဒီကနေ့မှာ ပြောင်းရွေ့

- မာန်အောင်မြို့နယ် ပညာရေးတိုးတက်မြင့်မာလာစေရေးအတွက် မာန်အောင်လူငယ်ကွန်ယက်အဖွဲ့နဲ့ ဒေသခံလူမှုအဖွဲ့အစည်းတွေ တွေ့ဆုံဆွေးနွေးမယ်

- စစ်တွေအုတ်ဈေးကွက်  အရင်နှစ်ကထက် ဈေးကောင်းရနေ

- ဂီတဝါသနာရှင်တွေကို မေတောင်မြှောက်ပေးတဲ့ Myanmar Idol Season 2 Winner ဆုရှင် သားငယ်မှာ လမ်းကလေးလို့ အမည်ပေးထားတဲ့ VCD ခွေ စာနယ်ဇင်းမိတ်ဆက်ပွဲ ပြုလုပ်တဲ့ သတင်းတွေ ဖြစ်ပါတယ်။

- မြောက်က်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ရဲ့ ရုပ်အလောင်းကို စစ်တွေသုဿန်မှာ ဒီကနေ့ မီးသဂြိုဟ်

- ရဲထွက်ဆိုချက်တွေကွဲလွဲနေတယ်လို့ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ပြော

- ရခိုင်ပြည်နယ်လွှတ်တော်က တာဝန်ပေးအပ်ထားတဲ့ မြောက်ဦးဖြစ်စဉ်စုံစမ်းရေးကော်မတီရဲ့ အစီရင်ခံစာကို စောင့်ကြည့် သွားမယ်လို့ လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မတီကပြော

- လေမုန်တိုင်းကြောင့် မာန်အောင်မြို့သို့ ရောက်ရှိလာတဲ့ ဘင်္ဂလီနှစ်ဦးကို ဒေသအာဏာပိုင်တွေက စစ်တွေမြို့သို့ ပို့ဆောင်မယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။

- မြောက်ဦးကိစ္စ၊ ဒေါက်တာအေးအောင်ကိစ္စတို့အပါအဝင် ရခိုင်ပြည်သူတွေရဲ့ တောင်းဆိုချက်တွေကို အလေးထားပေးဖို့ မင်းပြားမြို့မှာ ဒေသခံတွေ ဆန္ဒဖော်ထုတ်
 
- ဒေသခံတွေ စီးပွားရေးအဆင်မပြေတာကြောင့် မာန်အောင်က ရွှေဆိုင်တွေ အဆင်မပြေဖြစ်နေ

- မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံသတ်ဖြတ်ခဲ့သူတွေကို ပုဒ်မ သုံးခုနဲ့ အမှုဖွင့်လှစ်ထားပြီး အခင်းဖြစ်ပွားရာအနီးရှိ ရွာသားတွေကို စစ်ဆေးမေးမြန်းလျှက်ရှိ

- ၂၀၁၅ ခုနှစ်က ပြဌာန်းလိုက်တဲ့ မသန့်စွမ်းသူများအခွင့်အရေးဥပဒေကို မသန်းစွမ်းသူတွေ အားလုံးနားလည်နိုင်ဖို့ မြန်မာစံ လက်သင်္ကေတပြဘာသာစကား ဗွီဒီယိုခွေ မိတ်ဆက်ဖြန့်ချိနေတဲ့ သတင်းတွေ ဖြစ်ပါတယ်။

- ပုဏ္ဏားကျွန်းမြို့နယ်က ဂူဝဘုရားဗုဒ္ဓပူဇနိယပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပ

- မောင်တောမြို့နယ်မှာ ၂၀၁၆-၁၇ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း ကျောင်းထုတ်ခံရတဲ့ ကျောင်းသား ၄၀ ကျော်ရှိပြီး အကန့်အသတ်မရှိ ကျောင်းထုတ်ခံရတဲ့ ကျောင်းသားတစ်ဦးရှိခဲ့

- ကျောက်ဖြူမြို့နယ်မှာ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှုတွေ များပြားလာနေ

-အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် စပါးတွေပျက်စီးခဲ့တဲ့အတွက် တောင်သူတွေ ချေးငွေဆပ်ဖို့အခက်တွေ့နေတဲ့ သတင်းတို့ဖြစ်ပါတယ်။

- မောင်တောမြို့နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုမယ့် ကျောင်းသား ၈၀၀ ကျော်ကို စာစစ်ဌာနသုံးခုမှာ စစ်ဆေးသွားမယ်

- ဒေါက်တာအေးမောင်နဲ့ ဝေဟင်အောင်တို့ကို ရုံးထုတ်တဲ့အခါမှာ မိသားစုကို တွေ့ခွင့်ပေးဖို့နဲ့ လုံခြုံရေးတိုးမြှင့်ချထားတာကို လျော့ချပေးဖို့ တောင်းဆို

- မြောက်ဦးပဋိပက္ခဖြစ်စဉ်အတွက် ရခိုင်ပြည်နယ်လွှတ်တော်က စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ရာမှာ ကန့်ကွက်သူတွေရှိတဲ့အတွက် မဲခွဲဆုံးဖြတ်ခဲ့ရ

- ၇၁ ကြိမ်မြောက်ပြည်ထောင်စုနေ့ မြန်မာ့လက်ရာပွဲတော်မှာ ရခိုင်ရိုးရာရွှေပန်းထိမ်လုပ်ငန်းအကြောင်း ပါဝင်မယ်ဆိုတဲ့ သတင်းတို့ ဖြစ်ပါတယ်။

- လစ်လပ်နေတဲ့စည်ပင်ဝန်ကြီးနေရာကို စိုက်ပျိုးရေးဝန်ကြီး ဦးကျော်လွင်က ပူးတွဲတာဝန်ထမ်းဆောင်နေ

- ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင် တို့ကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ မြောက်ဦးပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေကို ထိရောက်စွာအရေးယူပေးဖို့ ကျောက်တော်မြို့မှာ ဆန္ဒပြတောင်းဆို

- ပညာရေးဘတ်ဂျက်တိုးပေးဖို့ တောင်းဆိုတဲ့ကျောင်းသားတွေကို ကျောင်းမထုတ်သင့်ဘူးလို့ ရခိုင်တက္ကသိုလ် ကျောင်းသားတွေ ပြောဆို

- အမျိုးသမီးများအား အတင်းအဓမ္မပြုကျင့်သူတွေကို သေဒဏ်အထိ ပြစ်ဒဏ်ပေးဖို့ မြန်မာအမျိုးသမီးများ စောင့်ရှောက်ရေးအဖွဲ့က တောင်းဆိုတဲ့ သတင်းတို့ ဖြစ်ပါတယ်။